၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဟာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါးရရှိပြီး စင်ကာပူနိုင်ငံကနေ အများဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါသည်။



