back

မလေးရှားအစိုးရသည် ကြက်ဥများအတွက် ထောက်ပံ့ကြေးများကို ဖျက်သိမ်းမည်

Apr 30 • 1:14 PM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားအစိုးရသည် ကြက်ဥများအတွက် ထောက်ပံ့ကြေးများကို ဖျက်သိမ်းမည်

မလေးရှားအစိုးရသည် ကြက်ဥများအတွက် ဈေးနှုန်းထိန်းချုပ်မှုနှင့် အစိုးရထောက်ပံ့ကြေးများကို ဖျက်သိမ်းရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။ ကြက်ဥလုပ်ငန်းကြီး CCK Consolida...

မလေးရှားအစိုးရသည် ကြက်ဥများအတွက် ဈေးနှုန်းထိန်းချုပ်မှုနှင့် အစိုးရထောက်ပံ့ကြေးများကို ဖျက်သိမ်းရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့သည်။ ကြက်ဥလုပ်ငန်းကြီး CCK Consolidated Holdings Bhd သည် အစိုးရ သတ်မှတ်ဈေးဖြင့် ကြက်ဥကို အရှုံးခံ ရောင်းချပေးရခြင်းအတွက် အစိုးရထံမှ ထောက်ပံ့ကြေး နှစ်စဉ် ရင်းဂစ် ၅ သန်း ရရှိသည်။ ရင်းဂစ် ၅ သန်းသည် ကုမ္ပဏီ တနှစ်တာဝင်ငွေ၏ ၀.၅% သာ ရှိသည်။ ယခုအခါ ဈေးနှုန်းထိန်းချုပ်မှု မရှိတော့သဖြင့် ကြက်စာဖိုး အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ်များအရ ကြက်ဥကို ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချခွင့် ရရှိပြီ ဖြစ်သည်။ စားသုံးသူတို့အနေဖြင့် ကြက်ဥကို ဈေးပိုပေးကြရမည် ဖြစ်သည်။ 




news-view-count-icon

18