back

အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ရှိ ဟိုတယ်တစ်ခုမီးလောင်မှုတွင် နှစ်ဦးဒဏ်ရာရကာ လူ ၁၄ ဦးသေဆုံး

Apr 30 • 1:21 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ရှိ ဟိုတယ်တစ်ခုမီးလောင်မှုတွင် နှစ်ဦးဒဏ်ရာရကာ လူ ၁၄ ဦးသေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ရှိ ရီတူရတ်ဂျ်ဟိုတယ်မှာ ဧပြီလ ၂၉ ရက် ညက မီးလောင်ကျွမ်းမှုတစ်ရပ် ပြင်းထန်စွာဖြစ်ခဲ့လို့ ကလေးနှစ်...

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ရှိ ရီတူရတ်ဂျ်ဟိုတယ်မှာ ဧပြီလ ၂၉ ရက် ညက မီးလောင်ကျွမ်းမှုတစ်ရပ် ပြင်းထန်စွာဖြစ်ခဲ့လို့ ကလေးနှစ်ဦးအပါအဝင် အနည်းဆုံးလူ ၁၄ ဦးသေဆုံးခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုအတွင်းမှာ လူနှစ်ဦးလည်း ဆိုးဆိုးဝါးဝါးဒဏ်ရာရခဲ့ပါတယ်။ မီးကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေက ဆက်လက်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိသေးဘဲ ရဲတပ်ဖွဲ့က အထူးစုံစမ်းရေး အဖွဲ့တစ်ခုဖွဲ့ကာ စစ်ဆေးနေတယ်လို့သိရပါသည်။



news-view-count-icon

22