ကွတ်ခိုင်မြို့နယ်မှာ ရရှိရန် ကျန်နေတဲ့ ငွေကိုတောင်းရာကနေ စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကို သိရသူ အမျိုးသားရဲ့ပြောပြချက်အရ သိရပါတယ်။ဧပြီ ၂၇ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ ရပ်ကွက်(၈)က ဗြုံးဖိုး ၁၀ သိန်းကျော် ရရမယ့်လူတွေနဲ့ ခိုလုံရွာရှိ ဗြုံးဝယ်ထားတဲ့သူတွေက ရပ်ကွက် ၈ မှာ စကားများရန်ဖြစ်ပြီး ဗြုံးဖိုးရရမယ့် မိသားစုက ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။ရိုက်နှက်ခံရသူ ၃ ဦးဟာ လက်ရှိမှာတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။



