back

နေပြည်တော်တွင် လပိုင်းအတွင်း အိမ်ငှားခများမြင့်တက်လာ

Apr 30 • 12:04 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်တွင် လပိုင်းအတွင်း အိမ်ငှားခများမြင့်တက်လာ

ယခုလပိုင်းအတွင်း နေပြည်တော် နယ်မြေအတွင်းရှိ မြို့နယ်များတွင် အိမ်ငှားခများမြင့်တက် လာကြောင်း ဒေသအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ကိုင်သူများနှင့် အိမ်ငှားရမ်း...

ယခုလပိုင်းအတွင်း နေပြည်တော် နယ်မြေအတွင်းရှိ မြို့နယ်များတွင် အိမ်ငှားခများမြင့်တက် လာကြောင်း ဒေသအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ကိုင်သူများနှင့် အိမ်ငှားရမ်းသူများကြားမှ သိရသည်။အဆိုပါ‌ဒေသတွင် မြေငလျင်လှုပ်ခတ်ပြီးနောက် အိမ်အငှားစျေးကွက်မှာ သိသာစွာသွက်လက်လာခဲ့ပြီး သွားလာရ လွယ်ကူသော နေရာများသာမက အနည်းငယ်အလှမ်းဝေးကာ ချောင်ကျသည့်နေရာများလည်း ငှားရမ်းသူများရှိလာခဲ့သည်။ငှားရမ်းခမှာ ခြောက်လ သို့မဟုတ် တစ်နှစ်အပြတ် စာချုပ်၍ငှားရမ်းခြင်းများရှိပြီး အကျိုးဆောင်ခမှာ တစ်လစာ သတ်မှတ်ထားကြောင်းလည်း ဆက်လက်သိရသည်။


news-view-count-icon

14