ငလျင်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရန် ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ထိုသို့ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဈေးရောင်းပွဲတော်ဖွင့်လှစ်ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ကနေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ကျင်းပခဲ့ကြောင်း သိရသည်။



