back

ဖျာပုံမြို့တွင် နှစ်လကျော်ကြာ ပျောက်ဆုံးနေသူ အမျိုးသမီး လူအရိုးစု တွေ့ရှိ

Apr 30 • 11:57 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဖျာပုံမြို့တွင် နှစ်လကျော်ကြာ ပျောက်ဆုံးနေသူ အမျိုးသမီး လူအရိုးစု တွေ့ရှိ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ နှစ်လကျော်ကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်း အရိုးစုကို ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက ဖျာပုံ-ဘိုကလေးကားလမ်းဘေးမှာတ...

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှာ နှစ်လကျော်ကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်း အရိုးစုကို ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက ဖျာပုံ-ဘိုကလေးကားလမ်းဘေးမှာတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။အရိုးစုတွေကို စစ်ဆေးရာမှာတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပျောက်ဆုံးသွားတဲ့ ဖျာပုံမြို့နယ် ကျုံတာ ကျေးရွာနေ မဖူးဖူးရွှေစင်ရဲ့ ရုပ်အလောင်းဖြစ်ပြီး သေဆုံးသူ အမျိုးသမီးရဲ့လက်မှာ ဝတ်ဆင်ထားတဲ့ ဟန်းချိန်း ကလည်း မဖူးဖူးရွှေစင်ရဲ့ ဟန်းချိန်းဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြုခဲ့ပါတယ်၊၊အမျိုးသမီး သေဆုံးခဲ့ရတဲ့အကြောင်းရင်းကိုတော့ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊


news-view-count-icon

31