back

ခန္တီးမြို့တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

Apr 30 • 11:55 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ခန္တီးမြို့တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာပြန်လည်ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက် နေ့တွင်ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေ...

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက် နေ့တွင်ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများမီးလောင်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့ အထိပြန်လည်ဖြေဆိုရမည်ဖြစ်ရာ ခန္တီးမြို့နယ်အနေဖြင့် အဆိုပါစာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


news-view-count-icon

8