စစ်ကိုင်းတိုင်းဒေသကြီးတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပစေရန် ၊ပလတ်စတစ်ကင်းစင်ရေးနှင့်အမှိုက်များစနစ်တကျစွန့်ပစ်ရေးတို့အတွက် Plastic Campaign ဆောင်ရွက်မှုအား၊ ယနေ့နံနက် ( ၇)နာရီအချိန်က ခန္တီးမြို့ဗိုလ်ချုပ်ကြေးရုပ်မှ ချင်းတွင်းတံတားချဥ်းကပ်လမ်းတစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ Plastic Campaign အားဆောင်ရွက်ခဲ့ပြီးနောက်၊ ကမ်းနားလမ်း ချင်းတွင်းမြစ်ကမ်းဘေးရှိကုန်စက်လှေများ၊ ဈေးဆိုင်တန်းများတွင်အမှိုက်များစနစ်တကျစွန့်ပစ်ရေးနှင့်ပလတ်စတစ်အမှိုက်ကင်းစင်ရေးတို့အတွက် တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်ခဲ့ပြီးနောက်ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံအရာရှိ ဦးတင့်လွင်ထွန်းနှင့်ဝန်ထမ်းများက "ပလတ်စတစ်ညစ်ညမ်း မှုကိုပူးပေါင်းကာကွယ်ဖြေရှင်းကြပါစို့ "ပတ်ဝန်းကျင်သာယာလှပစေဖို့ပလတ်စတစ်အမှိုက်ကင်းစင်ရေးဆောင်ရွက်ကြပါစို့"စသည့်အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။



