သိန္နီမြို့မှာ ကုန်စည်တင်တဲ့ကားတွေကို ငွေသိန်း ကျပ် ၃၀ အထိ အခွန်ကောက်ခံနေကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးထံမှ သိရပါသည်။အရင်က သိန္နီမြို့အထွက် တိုးဂိတ်မှာ ကုန်စည်တင်တဲ့ ၁၂ ဘီးကား တစ်စီးကို ငွေကျပ် ၄ သိန်းကျော်သာ ပေးဆောင်ရပေမဲ့ လက်ရှိမှာတော့ ငွေ ၄ သိန်း ကနေ ငွေသိန်း ၃၀ ကျော်အထိ ကောက်ခံနေကြောင့် အခက်တွေ့နေရတယ်လို့ ပြောပါတယ်။



