back

ရန်ကုန်မြို့လယ်တွင် လုယက်ခံရသူ၏ ခုခံမှုကြောင့် လုယက်သူသေဆုံး

Apr 30 • 12:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့လယ်တွင် လုယက်ခံရသူ၏ ခုခံမှုကြောင့် လုယက်သူသေဆုံး

ဧပြီ ၂၇ ရက် နံနက်အစောပိုင်း ၅ နာရီကျော်ခန့်တွင် ရန်ကုန်မြို့လယ် Downtown ဧရိယာ၌ စက်ဘီးစီးလာသော လူငယ်တစ်ဦးက ရပ်ထားသည့်ကားအနီး ရောက်လာသော ကားပိုင်ရှင်ကို ဝက်အူလှည...

ဧပြီ ၂၇ ရက် နံနက်အစောပိုင်း ၅ နာရီကျော်ခန့်တွင် ရန်ကုန်မြို့လယ် Downtown ဧရိယာ၌ စက်ဘီးစီးလာသော လူငယ်တစ်ဦးက ရပ်ထားသည့်ကားအနီး ရောက်လာသော ကားပိုင်ရှင်ကို ဝက်အူလှည့်ဖြင့်ထောက်၍ လုယက်ခဲ့ရာ၊ ကားပိုင်ရှင်၏ ပြန်လည်ခုခံရိုက်နှက်မှုကြောင့် လုယက်သူသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ဒလမြို့နယ်တွင်နေထိုင်သော ရေစက်ပြင်သမားဖြစ်သည့် လုယက်သူ၏ အိတ်အတွင်းမှ ရေစက်ပြုပြင်ရေးကိရိယာများ တွေ့ရှိခဲ့ပြီး၊ သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်ထားကာ ပြန်လည်ခုခံရင်း လက်လွန်သွားသည့် ကားပိုင်ရှင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။


news-view-count-icon

18