back

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်

Apr 29 • 7:23 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှသိရကာပြည်တွင်း၊ ပြည်ပခရီ...

သျှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှသိရကာပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောပါတယ်။ထိုကျောက်မီးသွေးအသုံးပြု မီးရထားစက်ခေါင်းသည်နေပြည်တော်-ပျဉ်းမနားတွင် ပြေးဆွဲနေသည့် ရထားဖြစ်ပြီး ခရီးသွားများ လာရောက်လည်ပတ်မှုများသည့် ကလောမြို့သို့ အပျော်စီး ရထားအစီအစဉ်ပြုလုပ်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။ လက်ရှိအသုံးပြုနေသော ရထားများသည် များသောအားဖြင့် ဒီဇယ်အသုံးပြု၍ မောင်းနှင်နေခြင်းဖြစ်ပြိး အခြားနိုင်ငံများကဲ့သို့ လျှပ်စစ်စွမ်းအား အသုံးပြုနိုင်ခြင်းမရှိသည့်အတွက် မြန်မာ့မီးရထားလုပ်ငန်းမှာ အိုဟောင်းနေသော ဒီဇယ်အင်ဂျင်များကိုသာ အားထားနေရပါတယ်။


news-view-count-icon

98