ကျွန်တော်တို့အားလုံး ဖြတ်သန်းနေရတဲ့ ခက်ခဲတဲ့အချိန်ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ မရေရာမှုတွေကို အနည်းနဲ့အများ ကြုံတွေ့ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေတွေက ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိနိုင်တာကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ ကျန်းမာရေးကို ဂရုတစိုက်စောင့်ရှောက်ဖို့ အလွန်အရေးကြီးပါတယ်။ခက်ခဲတဲ့အချိန်မှာ သင်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သတိရပါ။ ချစ်ခင်ရသူတွေနဲ့ ရင်ဖွင့်ပါ၊ အချင်းချင်း အားပေးပါ။ အဆိုးမြင်စိတ်တွေ၊ အပြစ်တင်တာတွေအစား နားလည်မှုနဲ့ ဖေးမမှုကို ရွေးချယ်ပါ။ အားလုံး အတူတူ ကျော်ဖြတ်ကြပါစို့ဟု ကြက်ခြေနီမှ ဖော်ပြထားပါတယ်။
Apr 29 • 7:25 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


