ရန်ကုန်မြို့အတွင်းမှာ ဘတ်စ်ကားစီးရင်း ဖုန်းနှိုက်ခံရတာတွေအပြင် ဖုန်းကိုလူမြင်ကွင်းမှာ ပေါ်တင် အလုခံရတာတွေပါရှိလာတယ်လို့ သိရပါတယ်။အခုရက်ပိုင်းတုန်းက သင်္ဃန်းကျွန်း၊ဘဝမြင့်မှတ်တိုင်မှာဘတ်စ်ကားပေါ်အတက် ဖုန်းကိုပေါ်တင် လုယက်ခံလိုက်ရတာဖြစ်ကာဖုန်းနှိုက်တဲ့သူတွေဟာ နောက်ပိုင်းမှာ အတင့်ရဲလာပြီး ဘတ်စ်ကားပေါ်မှာ သူ့လူတွေနဲ့ဝိုင်းပြီး အချွန်တစ်ခုခုထောက်ကာ ဖုန်းကိုတောင်းယူလုယက်သွားတာမျိုးလည်း တာမွေမြို့နယ်နေထိုင်သူအမျိုးသားတစ်ဦးက ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။လုယက်ခံရတဲ့ ဖုန်းအများစုဟာ iphoneလိုမျိုးပြန်လည်ရောင်းစားလို့ရတဲ့ ဖုန်းအမျိုးအစားတွေကို ပစ်မှတ်ထားလုယက်နေတာဖြစ်ပြီး ဖုန်းလုမယ့်နှိုက်မယ့်သူတွေက ဖုန်းကင်မရာကာဗာကိုကြည့်ပြီးမှ ဖုန်းအမျိုးအစားကောင်းမှ လုယက်ကြတာ၊နှိုက်ကြတာဖြစ်တယ်လို့ ဘတ်စ်ကားဒါရိုက်ဘာတစ်ဦးရဲ့ပြောပြချက် အရသိရပါတယ်။
Apr 29 • 6:52 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 31 | 0 | 0 | 0 |


