back

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို အကဲဖြတ်ရန် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိ

Apr 29 • 4:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို အကဲဖြတ်ရန် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိ

မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ ငလျင်ဒဏ်သင့် ဒေသများ၏ ထိခိုက်ပျက်စီးအခြေအနေများကို စုံစမ်းစစ်ဆေးရန်နှင့် အကဲဖြတ်မှုလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်ကျွမ်းကျင...

မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ ငလျင်ဒဏ်သင့် ဒေသများ၏ ထိခိုက်ပျက်စီးအခြေအနေများကို စုံစမ်းစစ်ဆေးရန်နှင့် အကဲဖြတ်မှုလုပ်ငန်းများ လုပ်ဆောင်ရန် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဧပြီလ ၂၇ ရက်၌ သတင်းထုတ်ပြန်ထားသည်။တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့တွင် China Earthquake Administration (CEA) ၊ တရုတ်ငလျင်ရှာဖွေကယ်ဆယ်ရေးစင်တာ၊ ထုံကျိတက္ကသိုလ်၊ ဟားအယ်ပင်း နည်းပညာတက္ကသိုလ်၊ တရုတ်အဆောက်အအုံဆိုင်ရာ သုတေသနအကယ်ဒမီ (CABR) စသည့် ကျွမ်းကျင်အဖွဲ့အစည်းများမှ ပညာရှင် ၃၀ ဦး ပါဝင်ပြီး ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ နိုင်ငံတော်၏ တာဝန်အပ်နှင်းမှုနှင့် ငလျင်ဒဏ်သင့်ဒေသထံ စေလွှတ်ခဲ့သည့် ပထမဆုံးကျွမ်းကျင်အကဲဖြတ်မှုအဖွဲ့လည်းဖြစ်သည်။


news-view-count-icon

13