အာဟာရဓာတ်ချို့တဲ့တဲ့ ဆယ်ကျော်သက်တွေနဲ့ ငယ်ရွယ်သူတွေမှာ အဓိကဖြစ်ပွားလေ့ရှိတဲ့ ဆီးချိုရောဂါသစ်တစ်မျိုးကို ဆီးချိုအမျိုးအစား(၅)လို့ တရားဝင်သတ်မှတ်လိုက်ပါတယ်။ ဘန်ကောက်မှာပြုလုပ်တဲ့ ကမ္ဘာ့ဆီးချိုကွန်ဂရက်၂၀၂၅မှာ ဒါကိုကြေညာသွားပါတယ်။ ဆီးချိုအမျိုးအစား(၅)က ကမ္ဘာတဝှမ်းမှလူပေါင်း ၂၅ သန်းမှာဖြစ်ပွားနေပြီး အများစုက အင်ဆူလင်မလိုအပ်ကြပါဘူး။ ဒီအမျိုးအစားကို အာရှနဲ့ အာဖရိကတို့လို နိုင်ငံတွေမှာ တွေ့ရတာကြာပြီဖြစ်ပြီး အမျိုးအစား(၁)၊ (၂)တို့နဲ့ မှားယွင်းသတ်မှတ်လေ့ရှိကြပါတယ်။



