back

ဘင်္ဂါလီများအတွက် ရခိုင်နိုင်ငံထူထောင်ရန် တရုတ်ကို ဘင်္ဂလားဒေ့ရှ် အဆိုပြု

Apr 29 • 3:57 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂါလီများအတွက် ရခိုင်နိုင်ငံထူထောင်ရန် တရုတ်ကို ဘင်္ဂလားဒေ့ရှ် အဆိုပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် Jamaat-e-Islami (ဂျာမားတီး အီစ် ဆလမ်မစ်)ပါတီက ဧပြီ ၂၇ ရက်တွင် ဒါကာမြို့တော်၌ တရုတ်ကွန်မြူနစ်ပါတီနှင့် အစည်းအဝေး ပြု...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် Jamaat-e-Islami (ဂျာမားတီး အီစ် ဆလမ်မစ်)ပါတီက ဧပြီ ၂၇ ရက်တွင် ဒါကာမြို့တော်၌ တရုတ်ကွန်မြူနစ်ပါတီနှင့် အစည်းအဝေး ပြုလုပ်ချိန်၌ ဘင်္ဂါလီများအတွက် လွတ်လပ် သည့် ရခိုင်နိုင်ငံသစ် ထူထောင်ရေးကို အဆိုပြုခဲ့ကြောင်း Business Standard သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။ “ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီတွေ ၁ ဒသမ ၂ သန်း လောက်ရှိပါတယ်။ သူတို့ဟာ လူသားမဆန်တဲ့ဘဝနဲ့ နေထိုင် နေရပါတယ်။ သူတို့အတွက် စားစရာနဲ့နေစရာ ထောက်ပံ့ပေးထားတာဟာ အဖြေမဟုတ်ပါဘူး”ဟု Jamaat (ဂျာမားတီး)ပါတီ၏ ဗဟိုကော်မတီဝင် ဆေးယက် အဗ္ဗဒူလာ မူဟာမက် တာဟာ (Syed Abdullah Muhammad Taher ) က အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။


news-view-count-icon

18