ထိုင်း မီးရထားဌာန(SRT)က ဒီနှစ်နှောင်းပိုင်းကစပြီး မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းကို သွားတဲ့ အဝေးပြေး မီးရထားတွေမှာ အခမဲ့ ဝိုင်ဖိုင်ကို ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ SRT အကြီးအကဲ Veeris Ammarapala က “ ခရီးသွားတွေက ရထားဟာ တောအုပ်နဲ့ တောင်တွေကြားထဲ ဖြတ်သွားချိန်မှာ အင်တာနက် ဆက်သွယ်မှု ပြတ်သွားပြီး သတင်းနဲ့ သူတို့ ရောက်နေတဲ့ တည်နေရာကို မသိနိုင်ကြတော့ဘူးလို့ ပြောပါတယ်။ အဲဒီအတွက် အခမဲ့ ဝိုင်ဖိုင်ကို စီစဉ်ပေးတာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ သူက Bangkok-Chiang Mai (North), Bangkok-Nong Khai, Bangkok-Ubon Ratchathani (Northeast) နဲ့ Hat Yai (South) လမ်းကြောင်းတွေကို ပြေးဆွဲတဲ့ Special Express ရထားတွေရဲ့ ပထမတန်းနဲ့ ဒုတိယတန်း အတွဲတွေမှာ အစပိုင်းမှာ ဝိုင်ဖိုင် ရရှိမယ်လို့ ပြောပါတယ်။ နောက်နှစ်မှာ လေအေးပေးစက် ပါတဲ့ ရထား ၁၄၆ စီးမှာ အခမဲ့ ဝိုင်ဖိုင် ရရှိမယ်လို့ သူက ပြောပါတယ်။



