back

ထိုင်းမှာ အပူရှပ်လို့ လူ ၂၁၂ ယောက်သေဆုံးထား

Apr 29 • 2:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းမှာ အပူရှပ်လို့ လူ ၂၁၂ ယောက်သေဆုံးထား

ထိုင်း ကျန်းမာရေး ဌာနက အပူရှပ်လို့ ‌သေဆုံးသူ မြင့်မားနေတယ်လို့ သတိပေးလိုက်ပါတယ်။ ၂၀၁၉ ကနေ ၂၀၂၄ ခုနှစ် အတွင်း အပူရှပ်လို့ ‌သေဆုံးသူ ၂၁၂ ယောက်ရှိပြီး ပျမ်းမျှအားဖ...

ထိုင်း ကျန်းမာရေး ဌာနက အပူရှပ်လို့ ‌သေဆုံးသူ မြင့်မားနေတယ်လို့ သတိပေးလိုက်ပါတယ်။ ၂၀၁၉ ကနေ ၂၀၂၄ ခုနှစ် အတွင်း အပူရှပ်လို့ ‌သေဆုံးသူ ၂၁၂ ယောက်ရှိပြီး ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၂၇ ယောက် ‌သေဆုံးတာ ဖြစ်ပါတယ်။ ‌သေဆုံးသူတွေထဲမှာ အသက် ၄၁ နှစ်နဲ့ ၆၀ အကြား အမျိုးသား ၁၉၇ ယောက် ပါဝင်ပြီး ရောဂါအခံရှိခြင်း၊ နေအိမ်ပြင်ပမှာ အလုပ်လုပ်ခြင်း၊ အယ်လ်ကိုဟော သောက်သုံးခြင်းတွေက အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ အပူကြောင့် ဖြစ်ပွားတဲ့ နာမကျန်းမှု ၃၂ ခု ရှိပြီး လူ ၁၀၀,၀၀၀ မှာ ၀.၀၇ ယောက် ဖြစ်ပွားတာပါ။ Trat ပြည်နယ်မှာ အများဆုံး ဖြစ်ပွားပြီး အဲဒီနောက်မှာ Sa Kaeo , Prachinburi , Loei , Nakhon Ratchasima နဲ့ Phrae တို့မှာ ဖြစ်ပွားကြပါတယ်။


news-view-count-icon

14