အိန္ဒိယအစိုးရက အရန်ဂျုံ သိုလှောင်ရေးအတွက် ဝယ်ယူရန် လျာထားချက်ထက် ကျော်လွန်နေသော်လည်း ပြည်ပသိူ့ ဂျုံတင်ပို့မှုကို ခွင့်ပြုမည် မဟုတ်ချေ။အစိုးရ မှုဝါဒမှာ လက်ကျန်များ ပိုပိုသာသာ ရှိနေအားစေရန်နှင့် ရိက္ခာဆိုင်များမှတစ်ဆင့် ပုံမှန်ခွဲဝေမှု အခြေအနေကို ပြန်လည်ရရှိစေရန်တို့ကို ဦးစားပေး ဆောင်ရွက်ရန်ဖြစ်သည်။၂၀၂၂-၂၃ သီးနှံနှစ်တွင် ဂျုံအထွက်နည်းသည့်အပြင် အရန်ဂျုံ လက်ကျန် သိသိသာသာ လျော့ကျ သွားခဲ့သည်။ ပြည်တွင်းဈေးကွက်ထဲ ဂျုံဈေးနှုန်းများ မြင့်တက်နေသည်။ သို့ဖြစ်ရာ ဈေးနှုန်း မြင့်နေသည်ကို ထိန်းရန် ဗဟိုအစိုးရသည် ပြည်ပသို့ ဂျုံတင်ပို့မှုကို ၂၀၂၂ မေလတွင် စတင်ပိတ်ပင်ခဲ့သည်။



