Myanmar National League Cup 2024 ချန်ပီယံရှမ်းယူနိုက်တက် အသင်းဟာ ပထမဆုံး ပွဲအဖြစ်
YB United FC နဲ့ ကစားရမှာဘဲဖြစ်ပါတယ်။ကစားမည့်ကွင်းမှာ သုဝဏ္ဏဘောလုံးကွင်း ဖြစ်ပြီး၊ ပွဲချိန်ကညနေ (၄) နာရီဖြစ်ကာရှမ်းပြည်နယ် ကိုယ်စားပြု ကလပ်အသင်းဟာလေ့ကျင့်ရေး အစီအစဉ်တွေကို ဧပြီလ ၂၀ ရက်နေ့မှာ စတင်ခဲ့ပြီး၊ ရာသီကြို ခြေစမ်းပွဲ အဖြစ်Chinland FC နဲ့ အားစမ်းခဲ့ရာမှာ (၃-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ကစားသမား တစ်ချို့နဲ့ လက်တွဲဖြုတ်ခဲ့ပြီး ပြည်တွင်းကစားသမားသစ် (၃) ဦး အားဖြည့်ခဲ့ပြီးဒီရာသီမှာ ပြည်ပ ကစားသမား (၅) ဦး ခေါ်ယူဖို့စီစဉ်ထားပြီး လူဟောင်းတွေထဲက Mark Sekyi နဲ့Hirota Ryuji တို့ ဆက်ရှိမှာ ဖြစ်ကာ၊ လက်ရှိအချိန်မှာတော့ Mark တစ်ဦးတည်းသာ အသင်းနဲ့
ပူးပေါင်းနိုင်ပါသေးတယ်၊ မကြာမီ ရက်ပိုင်းအတွင်း ကျန်ကစားသမား (၄) ဦးစလုံး ရောက်ရှိ လာတော့မှာဖြစ်ကာအခု MNL CUP 2025 ပြိုင်ပွဲကိုလည်း ချန်ပီယံဖြစ်တဲ့ အထိ ကစားဖို့ တစ်သင်းလုံး စိတ်ပိုင်းဖြတ်ထားတာလည်းဖြစ်ပါတယ်။


