ထိုင်းနိုင်ငံ၊ နခွန်ဖနုံမြို့၊ ရေကြောင်းလုံခြုံရေးတပ်ဖွဲ့၏ အစည်းအဝေးခန်းမ၌ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေးကိစ္စနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းပြောကြားနေစဉ် ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ် မူးမေ့လုနီးပါးဖြစ်ခဲ့သည်။ထိုင်းဝန်ကြီးချုပ်သည် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်း ရေးကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ဧပြီလ ၂၈ ရက် နေ့လယ်ပိုင်းက နခွန်ဖနုံမြို့၊ မဲခေါင်မြစ်၊ ရေကြောင်းလုံခြုံရေးတပ်ဖွဲ့ အစည်းအဝေးသို့ တက်ရောက်လာခဲ့သည်။အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်က မူးယစ်ဆေးဝါ ပြဿနာဖြေရှင်းရေး မူဝါဒများ ချမှတ်ရန် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တာဝန်ရှိသူများက ရှင်း လင်းပြောကြားနေစဉ် မူးမေ့လုနီးပါးဖြစ်ခဲ့သဖြင့် တာဝန်ရှိသူများက အရေးပေါ် ဆေးအဖွဲ့ကိုခေါ်ယူကာ သွေးပေါင်ချိန်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြသည်။



