back

ရာသီဥတု နဲ့ လေထုညစ်ညမ်းမှု သတင်းအချက်အလက် အားလုံးကို ပြသပေးနိုင်တဲ့ ထိုင်းရဲ့ Fahfon Super App

Apr 29 • 2:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရာသီဥတု နဲ့ လေထုညစ်ညမ်းမှု သတင်းအချက်အလက် အားလုံးကို ပြသပေးနိုင်တဲ့ ထိုင်းရဲ့ Fahfon Super App

Fahfon Mobile Application ဟာ ရာသီဥတု ဂြိုလ်တု ၁၀ ကျော်ကနေ ဒေတာတွေကို ရယူထားပြီး သုံးစွဲသူရဲ့ နေအိမ်၊ အလုပ်၊ ခရီးလမ်းကြောင်းလို သီးခြား ဧရိယာတစ်ခုအတွက် ရာသီဥတု ခ...

Fahfon Mobile Application ဟာ ရာသီဥတု ဂြိုလ်တု ၁၀ ကျော်ကနေ ဒေတာတွေကို ရယူထားပြီး သုံးစွဲသူရဲ့ နေအိမ်၊ အလုပ်၊ ခရီးလမ်းကြောင်းလို သီးခြား ဧရိယာတစ်ခုအတွက် ရာသီဥတု ခန့်မှန်းချက်နဲ့ လေထုညစ်ညမ်းမှု သတင်းအချက်အလက်တွေကို ပြသပေးနိုင်တာက ထူးခြားပါတယ်။ ထိုင်းရဲ့ Super App တွေထဲက တစ်ခု ဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေး မြှင့်တင်မှု အေဂျင်စီ (DEPA) နဲ့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ Fahfon App မှာ ရာသီဥတုကို ၇ ရက်ကြိုတင်ကာ ပြသပေးပြီး PM2.5 လေထုညစ်ညမ်းမှုကို နာရီအလိုက် ပြသပေးနိုင်ပါတယ်။ Developer CPS Agri က အဲဒီ App ဟာ ထိုင်းမှာ အလွန်လူသုံးများလာပြီး သုံးစွဲသူ ၂၃၀,၀၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ သုံးစွဲတဲ့ အကြိမ်အရေအတွက် ၁၄ သန်း ရှိခဲ့ပါတယ်။ 


news-view-count-icon

16