back

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ငလျင်ဘေးသင့် အိမ်ထောင်စု (၁၃၁) စု အတွက်ကြက်ခြေနီမှ ထောက်ပံ့ ကူညီ

Apr 29 • 1:23 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ငလျင်ဘေးသင့် အိမ်ထောင်စု (၁၃၁) စု အတွက်ကြက်ခြေနီမှ ထောက်ပံ့ ကူညီ

ဧပြီလ(၂၇)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အုတ်ကျင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာထွန်း တိုက်ခန်းမှ ငလျင်ဘေးသင့် အိမ်ထောင်စု (၁၃၁) စု အတွက်အိမ်ထော...

ဧပြီလ(၂၇)ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အုတ်ကျင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ဧရာထွန်း တိုက်ခန်းမှ ငလျင်ဘေးသင့် အိမ်ထောင်စု (၁၃၁) စု အတွက်အိမ်ထောင်စု (၁)စုလျှင် ဆန် (၅)ပြည်အိတ်(၁)အိတ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)ပုံး ၊ တာပေါ်လင်(၂) ချပ်၊ Food package 1kit (china) ၊ ရေ (၅) လီတာအိတ်(၁)အိတ်(Singapore)တို့ကိုထောက်ပံ့ ကူညီ ခဲ့ပါတယ်။အိမ်ထောင်စု(၁)စုလျှင် ကျပ်(၅၀,၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁၃၁)စုအတွက်ငွေကျပ်(၆၅၅၀,၀၀၀)ကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။ထိုသို့ထောက်ပံ့ရာတွင် Deployment Team ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးအတွက် အားဖြည့်ကူညီနေသောမွန်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာ လုပ်အားရှင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။


news-view-count-icon

25