ပြည်တွင်း၌ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာ ဧပြီ၂၈ရက်နေ့တွင်တစ်လပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ငလျင်စတင်လှုပ်ခတ်တဲ့အချိန်မှ စပြီး ငလျင်ဘေးသင့်ပြည်သူများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီခြင်း၊ ရှေးဦးပြုစုခြင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သောက်သုံးရေဖြန့်ဝေခြင်း၊ အစားအစာမဟုတ်သော ပစ္စည်းများထောက်ပံ့ခြင်း၊ ငွေသားထောက်ပံ့ခြင်းစတဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးလျက်ရှိပါတယ်။ကြက်ခြေနီများမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် ရေရှည်စီမံကိန်းများကို ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။



