back

မန္တလေးတွင် အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေးကို အိမ်ခြံမြေ လိုက်လံပြသမည်ဟုဆိုကာ ရိုက်နှက်သတ်ဖြတ်ပြီးလက်ဝတ်လက်စားနှင့် ပိုင်ဆိုင်မှုများ လုယက်ယူဆောင်ခံခဲ့ရ

Apr 29 • 1:15 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေးတွင် အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေးကို အိမ်ခြံမြေ လိုက်လံပြသမည်ဟုဆိုကာ ရိုက်နှက်သတ်ဖြတ်ပြီးလက်ဝတ်လက်စားနှင့် ပိုင်ဆိုင်မှုများ လုယက်ယူဆောင်ခံခဲ့ရ

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း အငြိမ်းစား သတ္တဗေဒဌာန၊ ပါမောက္ခ ဒေါက်တာထွေးထွေးကို ၎င်းနေထိုင်ရာ မဟာအောင်မြေမြို့နယ်မှ အသိ အိမ်ခြံမြေပွဲစားက အိမ်ခြံမြေလိုက်ပြမည်...

ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်း အငြိမ်းစား သတ္တဗေဒဌာန၊ ပါမောက္ခ ဒေါက်တာထွေးထွေးကို ၎င်းနေထိုင်ရာ မဟာအောင်မြေမြို့နယ်မှ အသိ အိမ်ခြံမြေပွဲစားက အိမ်ခြံမြေလိုက်ပြမည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ်သို့ ခေါ်ဆောင် သွားကာ ရိုက်နှက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ၎င်းထံမှ လက်ဝတ်လက်စားများနှင့် ပိုင်ဆိုင်မှုများကိုပါ လုယက်သွားမှုဖြစ်ပွားခဲ့ပါတယ်။မန္တလေးမြို့တွင် အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေးကို အိမ်ခြံမြေ လိုက်လံပြသမည်ဟုဆိုကာ ရိုက်နှက်သတ်ဖြတ်ပြီး လက်ဝတ်လက်စားနှင့်ပိုင်ဆိုင်မှုများ လုယက်ယူဆောင်သွားကြောင်း မန္တလေးမြို့ခံတချို့၏ ပြောဆိုချက်နှင့် ဆွေမျိုးတစ်ဦး၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြချက်အရ သိရှိရပါတယ်။သတ်ဖြတ်ခံရသော ဒေါက်တာထွေးထွေးမှာ အသက် ၆၅ နှစ်အရွယ် အငြိမ်း စားပါမောက္ခတစ်ဦးဖြစ်ပြီး တစ်ဦးတည်းနေထိုင်သော အပျိုကြီးဖြစ်ကြောင်း၊ ဧပြီလ ၂၈ ရက်နေ့ တောင်အင်းမြောက်အင်းသုဿန်တွင် သဂြိုလ်ပြီးစီးပြီ ဖြစ်ကြောင်း၊ ကျူးလွန်သော တရားခံကို ဖမ်းမိခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။မန္တလေးတွင် ငလျင်လှုပ်ခတ်ပြီးနောက် ညအချိန်တွင် သူခိုးများ သောင်းကျန်းခြင်း၊ နေ့အချိန်များတွင်ပင် နေအိမ်များအတွင်းသို့ အလစ်သုတ်ခြင်း၊ ဓားကိုင် ခြိမ်းခြောက်လုယက်ခြင်း အပါအဝင် ရာဇဝတ် မှုခင်းများစွာ ဖြစ်ပွားလျက်ရှိပါတယ်။



news-view-count-icon

22