ပွဲကစားမည့်ရက် ပြောင်းလဲပေးရန် စပါးအသင်း၏ တောင်းဆိုမှုကို ဗီလာအသင်းက ကန့်ကွက်ထားကြောင်း သိရသည်။ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ဖြစ်သည့် ဗီလာ-စပါးပွဲကို မေ ၁၈ ရက်တွင် ဗီလာပါ့ခ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။စပါးအသင်းအနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းအား ကျော်ဖြတ်နိုင်ပါက ဗိုလ်လုပွဲကို မေ ၂၁ ရက်တွင် ဘီလ်ဘာအိုမြို့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ထို့ကြောင့် ဗိုလ်လုပွဲအတွက် ပြင်ဆင်ချိန်ပိုမိုရရှိစေရန် ဗီလာအသင်းနှင့်ပွဲအား မေ ၁၅ ရက်သို့ ပြောင်းလဲကစားခွင့်ပြုရန် ပရီးမီးယားလိဂ်တာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိသည်။သို့သော် ဗီလာအသင်းကလည်း ပရီးမီးယားလိဂ်ထံ စာရေးသားပေးပို့၍ လက်မခံကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။



