သရုပ်ဆောင် ခိုင်နှင်းဝေက ထောက်ကြန့်က အရိုက်ခံရတဲ့ ကလေးနဲ့အတူ မိခင်ဆီသို့သွားရောက်ခဲ့ပြီး စုံစမ်းသိရှိရသမျှကို ပြောပြလာခဲ့ပါတယ်။ ကလေးနဲ့မိခင်ဟာ သားအမိအရင်းအချာတွေဖြစ်ကြပြီး ၁ နှစ်အရွယ်ကလေး ပျောက်သွားလို့ မိခင်ဖြစ်သူက ရိုက်ခဲ့မိကြောင်း ဝန်ခံခဲ့ပြီး အမှန်တကယ်လည်း ခိုကိုးရာမဲ့ဖြစ်နေတာကြောင့် သူမက ကလေးကိုလည်း ကျောင်းထားပေးမည်ဖြစ်ကာ မိခင်ဖြစ်သူကို အခန်းငှားပြီးအလုပ်ရှာပေးမယ့် အစီအစဉ်ကို လက်ခံတာကြောင့် သူမရဲ့စောင့်ရှောက်မှုအောက်မှာ ခေါ်ထားမယ့်အကြောင်း အသိပေးလာခဲ့တာဖြစ်ကာနောင်လည်း ဒီလိုအမှားမျိုးမကျူးလွန်တော့မယ့်အကြောင်း ခံဝန်ကတိထိုးထားပြီးဖြစ်ကာ စောင့်ကြည့်သွားမယ်လို့ ခိုင်နှင်းဝေကပြောပါတယ်။



