ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်များတွင် တိမ်ထူကျပ်ပြီး၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းတောင်-အရှေ့ပိုင်းတို့တွင် နေရာစိပ်စိပ်မိုးရွာမည်ဟု ခန့်မှန်းသည်။ မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီနှင့် ရှမ်းမြောက်ပိုင်းတွင် နေရာကျဲကျဲ မိုးရွာနိုင်ပြီး၊ ရခိုင်နှင့် ချင်းပြည်နယ်များတွင် နေရာကွက်ကျား မိုးရွာမည်။ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ လေပြင်း၊ မိုးကြိုးနှင့် မိုးသီးတို့ဖြစ်နိုင်မှုရှိပြီး မြန်မာ့ပင်လယ်ပြင်၌ လှိုင်းအမြင့် ၄ ပေမှ ၇ ပေလောက်ရှိနိုင်သည်။ နောက် ၂ ရက်အတွင်းလည်း တနည်းတူ မိုးရွာမည်ဟု ခန့်မှန်းထားသည်။



