ဧပြီလ(၂၇) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လွန်ခဲ့သည့် ရက်က မိုးသည်းထန်စွာ ရွာသွန်း ခဲ့သည့်အတွက် စပါးကောက်ရိုးများ ပုတ်ပွကာ အများပြည်သူ သုံးစွဲနေသော မြစ်ချောင်းအတွင်း မြောပါခဲ့ပြီး ရေများ ပုတ်သွား သဖြင့် သောက်သုံးရေ အခက်အခဲရှိနေသော ကျေးရွာများသို့ မော်လမြိုင်ကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်းသောက်သုံးရေ လိုအပ်သော ကျေးရွာများသို့ကြက်ခြေနီမှ သောက်သုံးရေလှူဒါန်း
Apr 29 • 1:01 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 24 | 0 | 0 | 0 |


