မတ် ၂၈ရက်နေ့ မန္တလေးမြေငလျင်ကြီးဖြစ်ပြီးနောက် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ရှမ်းပြည်နယ်များမှ ဘေးသင့်ပြည်သူများအတွက် အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ ဘရူနိုင်း နိုင်ငံများနှင့် AHA Centre တို့မှ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပစ္စည်းများ (မိုးကာစ၊ ကုန်စည်ပစ္စည်းများ၊ ဆေးဝါးများ) ပေးပို့ခဲ့သည်။၂၁-၂၇ ဧပြီအတွင်းရောက်ရှိသည့်ပစ္စည်းများကို သက်ဆိုင်ရာ ဒေသများသို့ အမြန်ဆုံး ဖြန့်ဝေခဲ့ပြီး မန္တလေးကို မော်တော်ယာဉ် ၅၆ စီး၊ စစ်ကိုင်းကို ၂၈ စီး၊ ရှမ်း (တောင်ပိုင်း) ကို ၇ စီးဖြင့် ပို့ဆောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။



