back

မလေးရောက် မြန်မာလုပ်သားတွေ လစာငွေထက် အဖမ်းစီးနည်းသည့် လုပ်ငန်းများတွင် ရွေးချယ် အလုပ် လုပ်

Apr 28 • 2:50 PM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရောက် မြန်မာလုပ်သားတွေ လစာငွေထက် အဖမ်းစီးနည်းသည့် လုပ်ငန်းများတွင် ရွေးချယ် အလုပ် လုပ်

မလေးရှားနိင်ငံ ရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ လစာရငွေ ရရှိတာထက် အဖမ်းဆီးနည်းတဲ့ အလုပ်နေရာတွေကိုပဲ အဓိက ရွေးချယ် လုပ်ကိုင် နေကြတယ်လို့ သိရပါတယ်။ အထောက်အထ...

မလေးရှားနိင်ငံ ရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ လစာရငွေ ရရှိတာထက် အဖမ်းဆီးနည်းတဲ့ အလုပ်နေရာတွေကိုပဲ အဓိက ရွေးချယ် လုပ်ကိုင် နေကြတယ်လို့ သိရပါတယ်။ အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေကို စစ်ဆေးဖမ်းဆီးတာတွေ မလေးရှား အစိုးရ အနေနဲ့ နေ့စဉ် ပြုလုပ်နေလို့ အထောက်ထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှု တွေ ရှိနေပါတယ်။ "ဒီအလုပ်မှာ တစ်လ ၁၅၀၀ရင်းဂစ် ပေးတယ်ဆို တခြားနေရာ က ၁၂၀၀ရင်းဂစ် ပေးတယ်၊ လစာပေးတာနည်းတယ်ဆိုပေမယ့် နေရာက လုံခြုံတယ် ဆိုရင် သည်းခံပြီး လုပ်ကြတာပဲ"လို့ မလေးရောက် မြန်မာလုပ်သားတစ်ဦးထံမှ သိရသည်။



news-view-count-icon

27