back

ဗီယက်နမ်၌ အမြန်ရထားလမ်း စီမံကိန်း ဖော်ဆောင်မည်

Apr 28 • 2:49 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဗီယက်နမ်၌ အမြန်ရထားလမ်း စီမံကိန်း ဖော်ဆောင်မည်

 ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ အစိုးရဆုံးဖြတ်ချက်အသစ်အရ အကြီးမားဆုံး အခြေခံအဆောက်အအုံ စီမံကိန်း ဖြစ်တဲ့ အမြန်ရထားလမ်းစီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို...

 ဧပြီ ၂၃ ရက်က ထုတ်ပြန်ခဲ့တဲ့ အစိုးရဆုံးဖြတ်ချက်အသစ်အရ အကြီးမားဆုံး အခြေခံအဆောက်အအုံ စီမံကိန်း ဖြစ်တဲ့ အမြန်ရထားလမ်းစီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ ရွေးချယ်မှာ ဖြစ်ပါတယ်။ စီမံကိန်း သုံးသပ်မှုအစီရင်ခံစာကိုလည်း ၂၀၂၆ ခုနှစ် သြဂုတ်လမှာ ပြီးစီးအောင် ဆောင်ရွက်ရမှာဖြစ်ပြီး အစီရင်ခံစာကို ဝန်ကြီးချုပ်ထံတင်ပြကာ အတည်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီ အမြန်ရထားလမ်းစီမံကိန်းဟာ ၁၅၄၁ ကီလိုမီတာ ရှိကာ ဟနွိုင်းရှိ Ngoc Hoi (ငူဟွိုင်း) ဘူတာနဲ့ ဟိုချီမင်းမြို့ရှိ Thu Thiem( တူတမ်းမ်) ဘူတာကို ဆက်သွယ်ပေးသွားမှာဖြစ်ပြီး ဒေသပေါင်း ၂၀ နီးပါးကို ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ရထားလမ်းတည်ဆောက်တာနဲ့ ပစ္စည်းထောက်ပံ့မှုအတွက် တာဝန်ယူထားပြီး စီမံကိန်းကို ၂၀၃၅ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်မယ်လို့ မျှော်မှန်းထားသည်။



news-view-count-icon

32