back

အိန္ဒိယရူပီ ကန်ဒေါ်လာ ငွေလဲနှုန်း မြင့်တက်နေ

Apr 28 • 2:47 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယရူပီ ကန်ဒေါ်လာ ငွေလဲနှုန်း မြင့်တက်နေ

အိန္ဒိယရူပီ ကန်ဒေါ်လာ ငွေလဲနှုန်းသည် ယခင်အပိတ်ဈေး တဒေါ်လာ 85.45 ရှိခဲ့ပြီး တနင်္လာနေ့ (ဧပြီ ၂၈) တွင် 85.26 သို့ မြင့်တက်သည်။ပြည်ပဘဏ်များက ဒေါ်လာများ အသင့်အတင့် ...

အိန္ဒိယရူပီ ကန်ဒေါ်လာ ငွေလဲနှုန်းသည် ယခင်အပိတ်ဈေး တဒေါ်လာ 85.45 ရှိခဲ့ပြီး တနင်္လာနေ့ (ဧပြီ ၂၈) တွင် 85.26 သို့ မြင့်တက်သည်။ပြည်ပဘဏ်များက ဒေါ်လာများ အသင့်အတင့် ထုတ်ရောင်းကြခြင်း၊ စတော့ရှယ်ယာများတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပြီးခဲ့သည့် တပတ်တာတွင် ဒေါ်လာ ၂ ဘီလီယံကျော် စီးဝင်ခြင်း၊ ဗဟိုဘဏ် နိုင်ငံခြားငွေ အရန်ရန်ပုံငွေသည် ဧပြီ ၁၈ တွင် ကန်ဒေါ်လာ ၆၈၆.၁၅ ဘီလီယံရှိပြီး ပြီးခဲ့သည့် ၆ လတာတွင် အများဆုံး ဖြစ်ခြင်းတို့သည် ဒေါ်လာနှင့်လဲနှုန်းတွင် ရူပီ မာလာစေသည့် အကြောင်းရင်းများ ဖြစ်သည်။



 

news-view-count-icon

37