back

ကက်ရှ်မီးယားပဋိပက္ခ စီးပွားရေးထိခိုက်မှုများ ရှိလာ

Apr 28 • 2:51 PM

breaking-news

မြန်မာ

ပြည်ပ

cover

ကက်ရှ်မီးယားပဋိပက္ခ စီးပွားရေးထိခိုက်မှုများ ရှိလာ

ကက်ရှ်မီးယားဒေသက ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့အကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး အကျိုးဆက်အနေနဲ့ကတော့ နှစ်နိုင်ငံလုံးအတွက် စီးပွားရေးထိ...

ကက်ရှ်မီးယားဒေသက ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့အကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး အကျိုးဆက်အနေနဲ့ကတော့ နှစ်နိုင်ငံလုံးအတွက် စီးပွားရေးထိခိုက်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။ ဧပြီလ ၂၂ ရက်က ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေရဲ့လက်ချက်နဲ့ လူ ၂၆ ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား ပဋိပက္ခဖြစ်လာပါတယ်။ အိန္ဒိယအနေနဲ့ လေယာဉ်ချိန်တွေ ကြာမြင့်ကာ ခရီး စရိတ်တွေ ပိုမိုကြီးမြင့်လာမှာဖြစ်ပြီး ပါကစ္စတန်ကတော့ တခြားနိုင်ငံတွေကနေ ဆေးဝါးတွေ တင်းသွင်းနိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ပါကစ္စတန်ရဲ့ လေပိုင်နက်အသုံးပြုခွင့်ပိတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယကနေ အာရှအလယ်ပိုင်း၊ ဥရောပနဲ့မြောက်အမေရိကကို သွားမယ့် ခရီးစဉ်တွေဟာ ၂ နာရီ ပိုကြာမြင့်လာနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေပါသည်။


news-view-count-icon

21