ငလျင်ကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရှမ်းတောင် ကလောမြို့နယ် ပိန္နဲပင်ရွာမှာ မိုးသက်လေပြင်းနဲ့ မိုးသီးကြောင့် နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ပါတယ်။"မနေ့က မိုးသီးတွေ တအား ကြီးတာ။ အိမ်က သွပ်မိုးတွေ ပေါက်ကုန်တာ တစ်ရွာလုံးလိုလိုဘဲ။ ရွာတာက တစ်နာရီလောက် ကြာတယ်"ငလျင်ကြောင့် နေအိမ်တွေ ပြန်မပြင်နိုင်သေးခင်မှာ အခုလို မိုးသက်လေပြင်းနဲ့ မိုးသီးကြောင့် အိမ်တွေ ပျက်စီးခဲ့တဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဒေသခံတွေ အခက်အခဲ ကြုံတွေ့နေရတယ်ဟု သိရပါသည်။



