ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီ အချိန် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာအနီးတွင် သက် နိုင်(ခ) ကိုငှက် မောင်းနှင်ပြီး ကျော်ခိုင်လင်း(ခ)မိုးဒီ လိုက်ပါလာသည့် HARRIER အမျိုးအစား မော် တော်ယာဉ်အား ရပ် တန့် စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေ ကျပ်သိန်း ၃,၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် သက်နိုင်(ခ)ကိုငှက်(၅၅)နှစ်၊ ကျော်ခိုင်လင်း (ခ)မိုးဒီ(၃၃)နှစ် နှင့် နေလင်းထွန်း(၄၈)နှစ် တို့အား မင်္ဂ လာဒုံ မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။



