ဧပြီ(၂၆)ရက်က နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့သည့်ချောက်မြို့သည် ဧပြီ(၂၇)ရက် တစ်ရက်အတွင်း ၁ ဒီဂရီစင်တီဂရိတိပြန်လည်ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။အလားတူ ထူးခြားသည့် နေ့အပူချိန်များအဖြင့် တောင်တွင်းကြီးမြို့နှင့် မြင်းမူမြို့တို့တွင် ၄၃ ဒဿမ ၀ ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါမြို့တွင် ၄၂ ဒဿမ ၈ ဒီဂရီစင်တီဂရိတ် ၊ မကွေးမြို့တွင် ၄၂ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် ၊ မင်းဘူးမြို့တွင် ၄၂ ဒဿမ ၄ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းမြို့နှင့် အောင်လံမြို့တို့တွင် ၄၂ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်တို့တွင် ရှိသည်ဟု အသိပေးချက်အရ သိရသည်။ထို့နည်းတူ တံတားဦး (လေကြောင်းမိုးလေဝသ)တွင် ၄၂ ဒဿ မ ၁ ဒီဂရီစင်တီဂရိတ်နှင့် တောင်ငူမြို့၊ ပခုက္ကူမြို့နှင့် မုံရွာမြို့တို့တွင် ၄၂ ဒဿမ ၀ ဒီဂရီစင်တီဂရိတ်တို့တွင် ရှိကြောင်း သိရသည်။



