ပဲလေ့စ်အသင်းအား FA ဖလား ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂလက်စ်နာက ယခုအချိန်တွင် ဗိုလ်လုပွဲအကြောင်းကို မပြောလိုသေးကြောင်း ထုတ်ဖော်ပြောကြားသည်။ ပဲလေ့စ်အသင်းသည် ဧပြီ(၂၆) ရက်က ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားသည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဗီလာအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။ ပဲလေ့စ်အသင်းအနေဖြင့် FA ဖလား ဗိုလ်လုပွဲသို့ ၂၀၁၅-၂၀၁၆ ရာသီနောက်ပိုင်း (၉) နှစ်အကြာတွင် တစ်ကျော့ပြန်တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။



