back

အိန္ဒိယ၌ကားတစ်စီး ရေတွင်းထဲကျပြီး လူ ၁၂ ဦးထက်မနည်း‌ သေဆုံးခဲ့

Apr 28 • 12:52 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ၌ကားတစ်စီး ရေတွင်းထဲကျပြီး လူ ၁၂ ဦးထက်မနည်း‌ သေဆုံးခဲ့

အိန္ဒိယနိုင်ငံအလယ်ပိုင်း မတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ယာဉ်တစ်စီး ရေတွင်းထဲသိုကျမှုကြောင့် လူ ၁၂ ဦး ထက်မနည်း ‌သေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်...

အိန္ဒိယနိုင်ငံအလယ်ပိုင်း မတ္တရာပရာဒက်ရှ်ပြည်နယ်တွင် ယာဉ်တစ်စီး ရေတွင်းထဲသိုကျမှုကြောင့် လူ ၁၂ ဦး ထက်မနည်း ‌သေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ မတ္တရာပရာဒက်ရှ်၏ Mandsaur ဧရိယာ၌ အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် အဆိုပါခရီးသည်များသည် ဘုရားကျောင်းတစ်ခုဆီသို့သွား နေချိန်ဖြစ်သည်ဟုလည်းသိရသည်။ အဆိုပါယာဉ်သည် စက်ဘီးနှင့် ပထမဦးစွာ တိုက်မိခဲ့ပြီးနောက် အနီးရှိရေတွင်းထဲသို့ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ‌သေဆုံးသူတစ်ဦးစီ၏ မိသားစုဝင်များအတွက် အိန္ဒိယရူပီး (၂၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၂,၃၄၃ ဝန်းကျင်) ခန့်လျော်ကြေးငွေပြန်ပေးမည်ဟု ပြောကြားခဲ့သည်။



news-view-count-icon

13