ဧပြီလ ၂၈ ရက် တနင်္လာနေ့ မနက်ပိုင်းက ထရပ်ကားတစ်စီးကို ဝင်တိုက်မိတဲ့ အသက် ၂၃ နှစ်ရှိ မစ္စတာ ဆာဟာရတ်အမည်ရှိ ဗင်ကားယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ Chachoengsao ပြည်နယ် Bangna-Trad လမ်း KM 37 တွင် နံနက် ၆ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူကို ဗင်ကားအတွင်း ပိတ်မိနေကြောင်း တွေ့ရှိခဲ့သည်။ထ ရပ်ကားယာဉ်မောင်းကို ရဲများက စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။



