Huawei က Nvida ကို ခြိမ်းခြောက်နိုင်မယ့် chip တစ်မျိုး စမ်းနေပါတယ်။ Ascend 910D ဖြစ်ပြီး chip သစ်ကို စမ်းသုံးဖို တရုတ်နည်းပညာကုမ္ပဏီတချို့နဲ့ Huawei စကားပြောနေပါတယ်။ ဒီ chip က Nvidia ရဲ့ flagship chip ဖြစ်တဲ့ Nvidia H100 ထက် ပိုစွမ်းရည်မြင့်နိုင်ပါတယ်။ H100 တွေက ဒေါ်လာ ၂၅,၀၀၀ ကနေ ၃ သောင်းကျော်အထိ ဈေးမြောက်တဲ့ တန်ဖိုးကြီး GPU တွေ ဖြစ်ပြီး ဒီနေ့ခေတ် AI မော်ဒယ်တွေ လေ့ကျင့်ရေးမှာ သုံးပါတယ်။ Nvidia AI chip တွေကို တရုတ်ကုမ္ပဏီတွေ ဝယ်ချင်တိုင်း ဝယ်လို မရကြောင်း သိရသည်။



