ဂျပန်နိုင်ငံရဲ့ နွေဦးအားလပ်ရက်ရာသီဟာ ဧပြီလ ၂၆ ရက် စနေနေ့မှာ စတင်ပြီဖြစ်ပါတယ်။ တိုကျိုမြို့အနားက Narita လေဆိပ်မှာ နိုင်ငံရပ်ခြားကို ခရီးသွားသူတွေနဲ့ စည်ကားနေပါတယ်။ သောကြာနေ့ကနေ မေလ ၆ ရက်နေ့အထိ ခရီးသည် ၁.၂ သန်းလောက်ကို ဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အဲဒီလေဆိပ်ကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီက ပြောပါတယ်။ လူကြိုက်များတဲ့ ခရီးသွားနေရာတွေထဲမှာ ဟာဝိုင်ယီနဲ့ ဂူအမ်လို အပန်းဖြေနေရာတွေအပြင် တောင်ကိုးရီးယားအပါအဝင် အာရှတိုက်က နေရာအမျိုးမျိုး ပါဝင်ပါတယ်။ မေလ ၆ ရက်နေ့ကျရင် Narita လေဆိပ်မှာ ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိလာမယ့် ခရီးသွားတွေနဲ့ ပြည့်ကျပ်နေဖွယ်ရှိပါသည်။



