ဂျပန်နိုင်ငံအတွင်း ဝက်သက်ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြင့်တက်နေပါတယ်။ အခုနှစ်မှာ အခုအချိန်အထိ အစီရင်ခံတင်ပြခဲ့တဲ့ ကူးစက်မှုအရေအတွက်ဟာ ၂၀၂၄ ခုနှစ်တုန်းက ကူးစက်မှု စုစုပေါင်းထက် ကျော်လွန်နေပြီ ဖြစ်ပါတယ်။ ဝက်သက်ရောဂါဟာ ဗိုင်းရပ်စ်ကူးစက်မှုတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ အရမ်းကူးစက်လွယ်ပြီး ရောဂါဖြစ်ပွားနေသူဆီက အမှုန်အမွှားတွေ လေကတစ်ဆင့် ပျံ့နှံတာ ဒါမှမဟုတ် ရောဂါဖြစ်ပွားနေသူနဲ့ ထိတွေ့မိတာကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ Japan Institute for Health Security (JIHS) က အခုနှစ် ဇန်နဝါရီလကနေ ဧပြီလ ၁၃ ရက်နေ့အထိ ရောဂါဖြစ်ပွားမှု ၇၈ မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ကူးစက်မှုစုစုပေါင်းထက် ၃၃ မှု ပိုများပါသည်။



