ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)တွင် အစ်ဝစ်ချ်အသင်း ထပ်မံတန်းဆင်းခဲ့ရပြီး ရာသီပြီးဆုံးရန် လက်ကျန်(၄)ပွဲအလိုမှာပင် တန်းဆင်းအသင်းအားလုံး အဖြေထွက်ပေါ်ခြင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ဧပြီ (၂၆) ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်(၃၄) တွင် အစ်ဝစ်ချ်အသင်း ရှုံးပွဲကြုံတွေ့ပြီးနောက် ယခုရာသီ တန်းဆင်း(၃)သင်းစလုံး အဖြေထွက်ပေါ်သွားခြင်းဖြစ်သည်။ အစ်ဝစ်ချ်အသင်းအနေဖြင့် လက်ကျန် (၄)ပွဲအလိုတွင် အဆင့်(၁၇)နေရာမှ ဝက်စ်ဟမ်းအသင်းနှင့် (၁၅)မှတ်ပြတ်သွားပြီဖြစ်သောကြောင့် တန်းဆင်းရရန် သေချာသွားခြင်းဖြစ်သည်။



