ရှမ်းပြည်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူ များလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်နေလျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ရွာငံမြို့နယ်တွင် ဘိလပ်မြေဈေး အဆမတန် မြင့်တက်လာခြင်းကြောင့် ဆောက်လုပ်ဆဲ နေအိမ်များနှင့် ငလျင်ဒဏ်သင့်ပြီးနောက် ပြန်လည်ပြုပြင်ရမည့် အိမ်များမှ ပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၄,၀၀၀)အထိ ဈေးကြီးပေး ဝယ်ယူနေရသည်ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။



