ရန်ကုန်မြို့ ဆောက်လုပ်ရေးဈေးကွက်အတွင်း ဘိလပ်မြေ တစ်အိတ် ကျပ် ၄၀၀၀၀ ကျော်အထိ ပေါက်ဈေး ဖြစ်ခဲ့ပြီးနောက် ဝယ်မရဖြစ်နေတယ်လို့ နေအိမ်ဆောက်လုပ်နေသူတဦးက ပြောပါတယ်။ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၁၇,၀၀၀ နဲ့ ရောင်းချရမယ်လို့ ဈေးနှုန်းသတ်မှတ်ပြီး သတ်မှတ်ဈေးနှုန်း ထက် ကျော်လွန်ရောင်းချတဲ့ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂၀ ခုကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ဆိုင်ပေါင်း ၆၂ ဆိုင်ကို အရေးယူပြီး ဘိလပ်မြေအတု ပြုလုပ်သူ ၈ ဦးကို ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။



