back

အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

Apr 28 • 11:59 AM

breaking-news

မြန်မာ

ရှမ်း

cover

အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် ယမန်နေ့ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မို...

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် ယမန်နေ့ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့် အိမ်သွပ်အမိုးများ လေထဲသို့ လွင့်ပါခြင်း၊ ယာယီတဲ မိုးကာများလည်း လန်ထွက်သွားခြင်းများကြောင့် ပြည်သူများ ကြောက်လန့်ခဲ့ရသည်ဟု အင်းလေး ဒေသခံ များထံမှ သိရသည်။ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်ပြင်ဆင်ရန်လိုအပ်ပြီး မြေကျွံသွားသည့် အိမ်များကို သစ်သားတစ်ချောင်းခြင်း လိုက်လံ ဆွဲနုတ်ရသောကြောင့် ပြန်လည်ပြင်ဆင်ရန် အချိန်ကြာနိုင်သည်ဟုလည်း သိရပါသည်။



news-view-count-icon

21