မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော အဆောက်အဦများမှ ထွက်လာသော အုတ်ကျိုး အုတ်ပျက်စွန့်ပစ်ပစ္စည်းများကို ကားတစ်စီး ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ဝယ်ယူမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားသည်။ ထိုနေရာများတွင် သံတိုသံစကောက်ယူသူများလည်း မြှုပ်နှံနေပြီး ဝင်ငွေများ တစ်ရက်လျှင် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ ရရှိနေသည်ဟုသိရသည်။



