စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မြို့သစ်ရပ်ကွက်ရှိ မရှိခဏစေတီတော်ကြီး ပြိုကျသည့်နေရာတွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဘုရားဆင်းတုတော်ငယ်များ၊ စိန်ဖူးတော်များ၊ လက်ဝတ်ရတနာများ၊ ကျောက်မျိုးစုံနှင့် ငွေထည်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ရှာဖွေတွေ့ရှိမှုများကို ဧပြီ ၂၇ ရက်နေ့တွင် မှတ်တမ်းတင်ပြီး ဘုရားဂေါပကအတွင်းရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။



